ဒေသဖွံ့ဖြိုးရေးအတွက် စေတနာအလှူ - ဇီးကျွန်းရွာ၊ ပေါက်ကုန်းအုပ်စု၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီး။
ဒေသဖွံ့ဖြိုးရေးအတွက် စေတနာအလှူလေး လှူဒါန်းခွင့်ရရှိလို့ အလွန်ပင်ဝမ်းသာမဆုံး ပျော်ရွှင်မိတယ်။
ကျွန်တော် မောင်လင်းနိုင်ဦး မှ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ ဇီးကျွန်းရွာ ၌ ဒေသဖွံ့ဖြိုုးရေးအတွက် စေတနာအလှူငွေ လှူဒါန်းခဲ့ပါသည်။
အလှူငွေကို မိမိကိုယ်တိုင် မတက်ရောက်နိုင်သော်လည်း အလှူရှင်ကိုယ်စား ဆရာထက် နှင့် ဦးခင်မောင်ရွှေ(ယု) တို့က လိုက်လံ လှူဒါန်းပေးခဲ့ကြပါသည်။
ကျွန်တော့် ဆန္ဒကတော့ ဒုတိယမိခင်ရွာအဖြစ် ခံယူထားသော ဇီးကျွန်းရွာ တွင် အနာဂတ်အတွက်
-
ပညာရေး
-
ကျန်းမာရေး
-
ဘာသာရေး
-
အားကစားရေး
-
ဒေသဖွံ့ဖြိုးရေး
စသည့် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဆက်လက်ပါဝင်ကူညီ လှူဒါန်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။
#စေတနာကောင်းလျှင် ကံကောင်းမည်။
ဆရာထက်၏သားတပည့်
#မောင်လင်းနိုင်ဦး
(18/9/2025) Thursday