ပညာရေးအတွက် စေတနာအလှူ - ဇီးကျွန်းရွာ၊ ပေါက်ကုန်းအုပ်စု၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီး။
ဇီးကျွန်းရွာ၊ ပေါက်ကုန်းအုပ်စု၊ ပွင့်ဖြူမြို့နယ်ရှိ ပညာရေးအတွက် စေတနာအလှူအစီအစဉ်သည် ဒေသခံကျောင်းသားများ၏ ပညာရေးအခြေခံအရည်အချင်းကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။ စာသင်ကြားမှု အထောက်အပံ့များ၊ သင်ကြားရေးပစ္စည်းများနှင့် သင်ယူရန် အခွင့်အလမ်းများကို ပံ့ပိုးပေးခြင်းအားဖြင့် ဒေသခံလူငယ်များ၏ သင်ယူမှုနှင့် အသိပညာတိုးတက်မှုကို အားပေးသည်။

ကျွန်တော် မောင်လင်းနိုင်ဦး မှ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ ဇီးကျွန်းရွာ ၌ ပညာရေးအတွက် စေတနာအလှူငွေ လှူဒါန်းခဲ့ပါသည်။
အလှူငွေကို မိမိကိုယ်တိုင် မတက်ရောက်နိုင်သော်လည်း အလှူရှင်ကိုယ်စား ဆရာထက် နှင့် ဦးခင်မောင်ရွှေ(ယု) တို့က လိုက်လံ လှူဒါန်းပေးခဲ့ကြပါသည်။
ကျွန်တော့်ရဲ့ စေတနာကို အကောင်အထည်ဖော်နိုင်အောင် တိုက်ရိုက်လက်တွဲကူညီပေးခဲ့ကြသည့် ဆရာထက်အပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကျွန်တော့် ဆန္ဒကတော့ ဒုတိယမိခင်ရွာအဖြစ် ခံယူထားသော ဇီးကျွန်းရွာ တွင် အနာဂတ်အတွက်
-
ပညာရေး
-
ကျန်းမာရေး
-
ဘာသာရေး
-
အားကစားရေး
-
ဒေသဖွံ့ဖြိုးရေး
စသည့် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဆက်လက်ကူညီ လှူဒါန်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။
မိမိတို့ လှူဒါန်းထားသော စေတနာငွေများကြောင့် အကျိုးခံစားသူတိုင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖြင့် ဘဝအဆင်ပြေကြပါစေ။
ဆရာကြီးထက်နှင့် အဖွဲ့သားများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖြင့် ဘဝအဆင်ပြေကြပါစေ။
ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖြင့် အားလုံးအဆင်ပြေကြပါစေဟု ဆုမွန်ပေးအပ်လိုပါသည်။
#စေတနာကောင်းလျှင် ကံကောင်းမည်။
ဆရာထက်၏သားတပည့်
#မောင်လင်းနိုင်ဦး
(18/9/2025) Thursday