ပညာရတနာစာကြည့်တိုက်သို့ စာအုပ်၃၅အုပ်လှူဒါန်းခြင်း

လင်းနိုင်ဦးမှ ပညာရေးနှင့် စာအုပ်စာပေဖွံ့ဖြိုးရေးအတွက် ပညာရတနာစာကြည့်တိုက်သို့ စာအုပ် ၃၅ အုပ်ကို စေတနာဖြင့် လှူဒါန်းခဲ့ပြီး လစဉ်ဆက်လက် လှူဒါန်းသွားရန် ရည်ရွယ်ထားပါသည်။

Oct 04, 2025 - 23:09
Updated: 6 months ago
0 7
ပညာရတနာစာကြည့်တိုက်သို့ စာအုပ်၃၅အုပ်လှူဒါန်းခြင်း
ပညာရတနာစာကြည့်တိုက်သို့ စာအုပ် ၃၅ အုပ် လှူဒါန်းခြင်း

 စာအုပ်စာပေလူ့မိတ်ဆွေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ အထက(ခွဲ) ဇီးကျွန်းရှိ ပညာရတနာ စာကြည့်တိုက် အတွက် ကျွန်တော် လင်းနိုင်ဦး မှ
မင်္ဂလာမောင်မယ်စာအုပ် နှင့် မြတ်မင်္ဂလာစာအုပ် စုစုပေါင်း ၃၅ အုပ် ကို စေတနာဖြင့် လှူဒါန်းခဲ့ပါသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ ခေတ္တရောက်ရှိနေသော်လည်း မြန်မာနိုင်ငံရှိ ပညာရေးနှင့် စာအုပ်စာပေဖွံ့ဖြိုးရေးအတွက် တတ်နိုင်သမျှ ဆက်လက်ပါဝင်လှူဒါန်းလိုသော စိတ်ဓာတ်ဖြင့် ယခုလှူဒါန်းမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ နောင်အနာဂတ်တွင်လည်း အဆိုပါ စာအုပ်အမျိုးအစားများကို လစဉ် ဆက်လက်လှူဒါန်းသွားရန် ရည်ရွယ်ထားပါသည်

စာအုပ်စာပေများမှတစ်ဆင့် လူငယ်များ၏ အသိပညာနှင့် အမြင်များ တိုးတက်လာစေပြီး လူ့ဘောင်အကျိုးပြုနိုင်မည်ဟု ယုံကြည်မိပါသည်။ စာအုပ်စာပေလှူဒါန်းခြင်းသည် မိမိကိုယ်တိုင်အတွက်လည်း စိတ်ပူဇော်သက္ကာတစ်ရပ်ဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းအတွက်လည်း အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။

စေတနာကောင်းရှိရာ ကံကောင်းခြင်းပါ လိုက်လာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။


#စာအုပ်စာပေလူ့မိတ်ဆွေ
#စေတနာကောင်းလျှင်ကံကောင်းမည်
#လင်းနိုင်ဦး
#ဆရာထက် (မြန်မာစာ)

4.10.2025 (Saturday)

What's Your Reaction?

Like Like 1
Dislike Dislike 0
Love Love 2
Funny Funny 0
Wow Wow 0
Sad Sad 0
Angry Angry 0
Lin Naing Oo

Linnaingoo မှ ကြိုဆိုပါတယ်။ ဖတ်ရှုသူများအတွက် အသုံးဝင်ပြီး ယုံကြည်ရသော အကြောင်းအရာများကို မျှဝေပေးရန် ရည်ရွယ်ထားသော ဝက်ဆိုက်တစ်ခု ဖြစ်ပါတယ်။ စာပေ၊ ရင်ဖွင့်စာများ၊ လူမှုရေးနှင့် အလှူအတန်းဆိုင်ရာ အကြောင်းအရာများကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားပါမယ်။

Comments (0)

User