ကျန်းမာရေးအတွက် စေတနာအလှူ - ဇီးကျွန်းရွာ၊ ပေါက်ကုန်းအုပ်စု၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီး။

ဇီးကျွန်းရွာ၊ ပေါက်ကုန်းအုပ်စု၊ ပွင့်ဖြူမြို့နယ်ရှိ ကျန်းမာရေးအတွက် စေတနာအလှူ – ဒေသခံများအတွက် ဆေးဘက်အကူအညီ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စေတနာအလှူများဖြင့် အကျိုးရှိစွာ ပံ့ပိုးနေသည်။

ကျန်းမာရေးအတွက် စေတနာအလှူ - ဇီးကျွန်းရွာ၊ ပေါက်ကုန်းအုပ်စု၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီး။
ကျန်းမာရေး မကောင်းသူ ၃ဦးကို အလှူငွေများလှူဒါန်းနေပုံ

ကျွန်တော် မောင်လင်းနိုင်ဦး မှ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ ဇီးကျွန်းရွာကျန်းမာရေးအတွက် စေတနာအလှူငွေ လှူဒါန်းခဲ့ပါသည်။

အလှူငွေကို မိမိကိုယ်တိုင် မတက်ရောက်နိုင်သော်လည်း အလှူရှင်ကိုယ်စား ဆရာထက် နှင့် ဦးခင်မောင်ရွှေ(ယု) တို့က လိုက်လံ လှူဒါန်းပေးခဲ့ကြပါသည်။

ကျွန်တော့်ရဲ့ စေတနာကို အကောင်အထည်ဖော်နိုင်အောင် တိုက်ရိုက်လက်တွဲကူညီပေးခဲ့ကြသည့် ဆရာထက်အပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ကျွန်တော့် ဆန္ဒကတော့ ဒုတိယမိခင်ရွာအဖြစ် ခံယူထားသော ဇီးကျွန်းရွာ တွင် အနာဂတ်အတွက်

  • ပညာရေး

  • ကျန်းမာရေး

  • ဘာသာရေး

  • အားကစားရေး

  • ဒေသဖွံ့ဖြိုးရေး

စသည့် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဆက်လက်ကူညီ လှူဒါန်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။

မိမိတို့ လှူဒါန်းထားသော စေတနာငွေများကြောင့် အကျိုးခံစားသူတိုင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖြင့် ဘဝအဆင်ပြေကြပါစေ။
ဆရာကြီးထက်နှင့် အဖွဲ့သားများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖြင့် ဘဝအဆင်ပြေကြပါစေ။
ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖြင့် အားလုံးအဆင်ပြေကြပါစေဟု ဆုမွန်ပေးအပ်လိုပါသည်။

#စေတနာကောင်းလျှင် ကံကောင်းမည်။
ဆရာထက်၏သားတပည့်
#မောင်လင်းနိုင်ဦး
(18/9/2025) Thursday