ကိုးရီးယားအလည်ဗီဇာလျှောက်ကြမယ် (ฺဘန်ကောက်)

ကိုးရီးယားအလည်ဗီဇာရယူပုံအဆင့်ဆင့်ကို ကျွန်တော်ကြိုးစားခဲ့သည့်အတိုင်း ရေးသားရှင်းပြသွားမည် ဖြစ်ပါသည်။

Sep 02, 2024 - 20:33
Updated: 10 months ago
0 188

1. အလည်ဗီဇာအတွက် လိုအပ်ချက်များ

ဘန်ကောက်ကိုးရီးယားသံရုံးကနေ လျှောက်လွှာတင်နိုင်ဖို့ ထိုင်းနိုင်ငံမှာ အနည်းဆုံး ၂နှစ်နဲ့အထက် နေထိုင်သူဖြစ်ရမည်။

  1. မူရင်းပတ်စပို့စ်စာအုပ်နှင့် ဗီဇာကြေး 1,360ဘတ်
  2. လျှောက်လွှာစာရွက်နှင့် အရောင်ပါဓါတ်ပုံတစ်ပုံ 3.5cmx4.5cm
  3. ပတ်စပို့စ်စာအုပ်မိတ္တူဆွဲ (မျက်နှာပါစာမျက်နှာ၊ ဗီဇာ၊ အဝင်အထွက်၊ Re-entryတံဆိပ်များ ရှိထားသမျှအားလုံးကို မိတ္တူဆွဲ)
  4. Work permit စာအုပ်ကို မိတ္တူဆွဲ (ပထမစာမျက်နှာ၊ သက်တမ်းရှိစာမျက်နှာ၊ အနောက်ဘက်ခြမ်းမှာရှိတဲ့ လစာစာမျက်နှာ)
  5. လက်ရှိအလုပ်လုပ်နေတဲ့ ကုပဏီကနေ ထောက်ခံချက် Employment Certificate ကိုတောင်း (အလုပ်ရာထူး၊ လစာပမာဏ၊ တောင်ကိုးရီးယားနိုင်ငံအလည်အပတ်ကို ဒီနေ့ကနေ အဲ့ဒီနေ့အထိ ခွင့်ပြုကြောင်းပါအောင်တောင်းဆိုး)
  6. ၁နှစ်စာ ဘဏ်Statementနဲ့ ဘဏ်Certificate တို့ကို မိမိအဆင်ပြေတဲ့ ဘဏ်ကနေထုတ်
    (တောင်ကိုးရီယားနိုင်ငံကို အလည်သွားနိုင်ဖို့ ဗီဇာလျှောက်ဖို့အတွက်လို့ပြောပြီး ထုတ်)
  7. ဟိုတယ်အခန်းကြိုယူထားတဲ့ ဘိုကင်
  8. Cover Letter တစ်စောင်
  9. Daily Travel schedule

ဒီလောက်ဆိုရင် ပြည့်စုံပါပြီး။ တခြားဗီဇာအမျိုးအစားတွက်ဆိုရင် မူရင်းကိုးရီးယားဝက်ဆိုက်ဒီလင့်မှာ ဝင်ဖတ်နိုင်ပါသည်။

Visa Information and Requirement

2. လျှောက်လွှာဖြည့်နည်း

What's Your Reaction?

Like Like 11
Dislike Dislike 0
Love Love 3
Funny Funny 1
Wow Wow 0
Sad Sad 2
Angry Angry 0
Lin Naing Oo

Linnaingoo မှ ကြိုဆိုပါတယ်။ ဖတ်ရှုသူများအတွက် အသုံးဝင်ပြီး ယုံကြည်ရသော အကြောင်းအရာများကို မျှဝေပေးရန် ရည်ရွယ်ထားသော ဝက်ဆိုက်တစ်ခု ဖြစ်ပါတယ်။ စာပေ၊ ရင်ဖွင့်စာများ၊ လူမှုရေးနှင့် အလှူအတန်းဆိုင်ရာ အကြောင်းအရာများကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားပါမယ်။

Comments (0)

User