အဖေအမေတို့အတွက် ရွေးချယ်ခဲ့တဲ့ ဆီးချိုထမင်ပေါင်းအိုး – TDS RC NM5026D အတွေ့အကြုံ
TDS Low Sugar Rice Cooker RC-NM5026D (5L) သည် ဆီးချိုလူနာများအတွက် သကြားဓာတ်လျော့နည်းသော ထမင်းနှင့် ဟင်းမျိုးစုံကို အလွယ်တကူ ချက်နိုင်သော Smart Multi-Function ထမင်းပေါင်းအိုးဖြစ်ပါသည်။
TDS Low Sugar Rice Cooker RC-NM5026D သည် အသုံးပြုရ လွယ်ကူပြီး ကျန်းမာရေးကို ဦးစားပေးထားသော Multi-Function ထမင်းပေါင်းအိုးတစ်လုံးဖြစ်ပါသည်။ Low Sugar စနစ်ဖြင့် ချက်ပြုတ်ရာတွင် ဆန်ငှဲ့ဇကာနှင့် Steamer ကို အသုံးပြုနိုင်ပြီး ဆန် ၃ လုံးအထိ ချက်နိုင်ပါသည်။ ပုံမှန်ထမင်းချက်လိုပါက ဆန် ၄ လုံးအထိ ချက်နိုင်သော 5L အရွယ်အစားဖြစ်၍ မိသားစုသုံးအတွက် သင့်တော်ပါသည်။
ဒီထမင်းပေါင်းအိုးတွင် Smart ကျသော Digital Touch Button များကို အသုံးပြုထားပြီး Function ၁၁ မျိုးအထိ ရွေးချယ်အသုံးပြုနိုင်ပါသည်။ Low Sugar Rice ချက်ခြင်းအပြင် ပုံမှန်ထမင်း၊ ဆန်ပြုတ်၊ Yoghurt, Steam, Soup, Meat, Fry, Cake, Stew နှင့် ဟင်းနွှေးခြင်းတို့ကို တစ်လုံးတည်းနဲ့ လုပ်နိုင်သော Multi-Functional Cooker ဖြစ်ပါသည်။
အိုးအတွင်းပိုင်းနှင့် အပြင်ပိုင်းကို PTFE Non-Stick Coating ပါဝင်သော Aluminum Alloy၊ Ceramic Coating စနစ်များဖြင့် အထပ်ထပ်ပြုလုပ်ထားသဖြင့် ခိုင်ခံမှုမြင့်မားပြီး သန့်ရှင်းရေးလုပ်ရ လွယ်ကူပါသည်။ အပူချိန်ကို 0°C မှ 130°C အထိ ချိန်ညှိအသုံးပြုနိုင်သည့်အတွက် ချက်ပြုတ်လိုသည့် အစားအစာအလိုက် လိုက်လျောညီထွေ အသုံးပြုနိုင်ပါသည်။
Timer Function ကို ၂၄ နာရီအတွင်း သတ်မှတ်ထားနိုင်ပြီး Alarm ပေးထားနိုင်သည့်အတွက် မိမိလိုချင်သည့် အချိန်အတိအကျမှာ အစားအစာအဆင်သင့် ဖြစ်စေနိုင်ပါသည်။ Accessories အနေဖြင့် ထမင်းခတ်ဇွန်း၊ ရေချိန်ခွက် နှင့် ဆန်ငှဲ့ချက်ဇကာတို့ကို အပြည့်အစုံ ထည့်သွင်းပေးထားပါသည်။
လျှပ်စစ်ပလပ်ကြိုးကို Pure Copper ဖြင့် ပြုလုပ်ထားသောကြောင့် အသုံးခံကောင်းပြီး ဖြုတ်တပ်ဆေးကြောရ လွယ်ကူသည့် အရည်အသွေးမြင့် Rice Cooker တစ်လုံးဖြစ်ပါသည်။
Product Details
-
Model Number – RC-NM5026D
-
Country of Origin – Thailand
-
Product Size (L×W×H) – 31 × 41 × 25 cm
-
Packaging Size (L×W×H) – 45.2 × 32.5 × 29.4 cm
-
Capacity – 5 Liters
-
Power – 1300W
-
Voltage – 220V / 50Hz
⭐ Features
-
Low Sugar Rice Cooker
-
Rice Select Function
-
Texture Select Function
-
Warranty – 3 Years