ပြန်လာပါ Lyrics – ဆက္ကအောင်

ပြန်လာပါ သီချင်းသည် အချစ်နှင့် အလွမ်းခံစားချက်များကို ဖော်ပြထားသော မြန်မာသီချင်းတစ်ပုဒ်ဖြစ်ပြီး ဆက္ကအောင်၏ နူးညံ့သောအသံကြောင့် နားထောင်သူများအတွက် ပိုမိုခံစားရသော သီချင်းတစ်ပုဒ်ဖြစ်သည်။

Feb 24, 2026 - 20:43
Updated: 4 months ago
0 13

ပြန်လာပါ (Lyrics)

တေးဆို – ဆက္ကအောင်
တေးရေး – ဆက္ကအောင်

━━━━━━━━━━━━━━━

Lyrics:

ဝေဟင်ယံကောင်းကင်ထက်မှာ
ဌက်ကလေးများရဲ့ ခြေရာ
ရှာလို့ မတွေ့နိုင်သလို
ရေပြင်မှာ အရုပ်ရေးတော့လည်း
ဘာတစ်ခုမှ အရာမထင်တာ
မင်းကလေး သိမှာပါ

မင်းမရှိတဲ့ အချိန်တွေမှာ
နွေတစ်ရာပူသလို
ရင်ထဲက ဝေဒနာ ဘယ်သူလာလို့
ကုစားပေးမှာလဲ
အချစ်ကြီးချစ်သူ အလွမ်းကြီးလွမ်းတယ်
ဟိုး… ဟိုး… ဟို ဟို ဟိုး

ရင်ခွင်တံတား ဖွင့်ထားပါမယ်
အချိန်တွေရယ် စက္ကန့်တိုင်းမှာလည်း
သတိရတယ်
ပြန်လာခဲ့ ပြန်ခဲပါတော့…
ပြန်လာပါ ပြန်လာပါ
ပြန်လာနိုး စောင့်စားရင်းနဲ့
လက်ချိုးရေတွက် အလွမ်းဒဏ်သင့်ခဲ့ရလေပြီ
အဝေးဆုံးရောက် ချစ်သူရယ်

မင်းအတွက်ဆိုရင်
ကွမ်းတစ်ရာ ရေတစ်မုတ်နဲ့ရယ်
ကိုဗျက်ဝိ အညာမိခဲ့သလို
အသက်ကိုပင် စတေးလို့ချစ်မှာ
အသွေးကိုယူ အသားကိုယူ အသည်းကိုလည်း
ကြည်ဖြူစွာ ပေးလိုက်ပါ့မယ်

ထာဝရ မင်းကလေး ယုံပါ
ထာဝရ မင်းကလေး ယုံပါ
ကမ္ဘာတည်သရွေ့ ချစ်နေမှာပါ

What's Your Reaction?

Like Like 0
Dislike Dislike 0
Love Love 1
Funny Funny 0
Wow Wow 0
Sad Sad 1
Angry Angry 0
Lin Naing Oo

Linnaingoo မှ ကြိုဆိုပါတယ်။ ဖတ်ရှုသူများအတွက် အသုံးဝင်ပြီး ယုံကြည်ရသော အကြောင်းအရာများကို မျှဝေပေးရန် ရည်ရွယ်ထားသော ဝက်ဆိုက်တစ်ခု ဖြစ်ပါတယ်။ စာပေ၊ ရင်ဖွင့်စာများ၊ လူမှုရေးနှင့် အလှူအတန်းဆိုင်ရာ အကြောင်းအရာများကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားပါမယ်။

Comments (0)

User